ဆန်စပါး
၂ ပတ်နီးပါးလောက်ဈေးငြိမ်နေခဲ့တဲ့ ဆန်ချောဈေးနှုန်းက ဒီတစ်ပတ်မှာတော့ ထပ်ပြီးဈေးပြန်တက်လာပါတယ်။ ဈေးတွေ မြင့်တက်နေပေမယ့် ဈေးကွက်အတွင်းကိုတော့ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်အေးနေတယ်လို့သိရပါ
ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်က တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၁၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ဒေးဒရဲက တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ်၊ မြောင်းမြပေါ်ဆန်းကတစ်
ဆက်တိုက်ဈေးတွေ မြင့်တက်ခဲ့တဲ့ဆန်ကြမ်းအများစုက ဒီတစ်ပတ်မှာ ဈေးငြိမ်နေပြီး ဧည့်မထဆန်ကပဲ တစ်အိတ်ကို ၅၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။တစ်
မတ်ပဲ
မတ်ပဲကတော့ ဈေးမြင့်တက်လာပါတယ်။ တစ်ပတ်အတွင်းမှာတော့ ငွေကြေးလဲလှယ်ဈေးနှုန်း အပြောင်းအလဲများကြောင့် အတက်အကျတွေ ရှိခဲ့ပေမယ့် ဈေးကပြန်ပြီး မြင့်တက်လာပါတယ်။ ဈေးချဝယ်ယူမှုကြောင့် ဈေးအနည်းငယ်ကျဆင်းသွားခဲ့တယ်လို့
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၂၄၆၀၀၀၀ ပေါက်ဈေးရှိပြီးခဲ့တဲ့အပတ်နဲ့ယှ
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ ဆက်တိုက်ဈေးမြင့်တက် နေခဲ့တာဖြစ်ပေမပေ လက်ရှိဈေးကျဆင်းမှုကတော့ အရောင်းအဝယ်မရှိ ဈေးကွက်အေးနေတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ဈေးဖွင့်ထားပေမယ့် အရောင်းအဝယ်မရှိဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံနီကဆက်ပြီး တက်နိုင်ခြေ ရှိသေးတဲ့အတွက် လက်တလောကျဆင်းခြင်းသည် ရေတို ကျဆင်းတာဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ ပဲစင်းငုံနီ လိုအပ်ချက်က ကြီးမားနေတဲ့အတွက် ပြည်တွင်းလှောင် လက်သမားတွေကလည်း ဈေးဆက်စောင့်နေကြတဲ့အခြေအနေရှိတယ်
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၂၇၀၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်
ပဲကြီး၊ ထောပတ်ပဲ
ပဲကြီးနဲ့ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာဖြစ်ပြီး ဈေးကွက်ထဲကို အဝင်နည်းတယ်လို့သိရပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၄၆၉၅ မှ ၅၁၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာ ပဲကြီးက သုံးတင်းဝင် တစ်အိတ်ကို ၂၇၀၀၀၀ ကနေ ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ အောင်လံ
ထောပတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၅၅၀၀၀ ကနေ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ပြောင်းဆံ
၂ပတ်နီးပါး အကျဈေးနဲ့ ဈေးငြိမ်နေတဲ့ ပြောင်းဆံက ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဟောင်းလက်ကျန်တွေ နည်းနေပြီး မျိုးပြောင်းတွေ အဝယ်သွက်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၂၂၀ ကနေ ၁၂၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၀၅၀၀ ကနေ ၆၁၅၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်ဈေးမြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉၈၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိပေမယ့် အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ကြက်သွန်ဖြူ ပိဿာချိန် ၁၈၀၀၀ နီးပါး အဝင်ရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၅၆၀၀ ကနေ ၇၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။မော်လမြိုင်
Source: https://t.me/htwettoe