International News

ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီများကိုဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ‌ရွှေတင်သွင်းခွင့်ပြု

Last Updated:

ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းစျေးနှုန်းများနှင့် နိုင်ငံတကာစံနှုန်းများကြား ကျယ်ပြန့်လာနေသော စံနှုန်းများ၏ကွာဟမှုကို ပေါင်းကူးရန်ရည်ရွယ်၍ ဆယ်စုနှစ်တစ်ခုအတွင်း ကုမ္ပဏီများအား ပထမဆုံးအကြိမ်ရွှေတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဗီယက်နမ်ရွှေကုန်သည်များအသင်း (VGTA) သည်ရွှေ‌ရောင်းလိုအားနှင့် ဝယ်လိုအား မညီမျှမှုကို ပြုပြင်ရန်အတွက် အစိုးရနှင့် နှစ်ရှည်လများ ဆွေးနွေးခဲ့ကြောင်း အဆိုပါအသင်း၏ ဒုဥက္ကဠ Huynh Trung Khanh ၏ပြောကြားချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံ၏ အစိုးရသည် သွင်းကုန်နှင့် ပြည်တွင်းရွှေရောင်းအားကို ၂၀၂၃ ခုနှစ်တွင် အပြည့်အဝထိန်းချုပ်နိုင်လုနီးပါးဖြစ်ခဲ့ပြီး အချို့သောကုမ္ပဏီများက တင်သွင်းခွင့်ကို ပို့ကုန်အဖြစ်လည်းကောင်း လက်ဝတ်ရတနာအဖြစ်လည်းကောင်း ပြန်လည်အသုံးပြုခွင့်‌ပေးခဲ့သည်။ ဇူလိုင်လသို့မဟုတ် သြဂုတ်လတွင် တရားဝင်‌ရွှေတင်သွင်းမှုကိုစတင်ခွင့်ပြုမည်ဟုပြော ကြားထားပြီး ဇူလိုင်လတွင်ရွှေကုမ္ပဏီများကို တိုက်ရိုက်တင်သွင်းခွင့်ပြုလိမ့်မည်ဟု မျှော်လင့် ထားကြောင်း Khanh က Asia Pacific Precious Metal Conference တွင် ပြောကြားခဲ့သည်။

ယခုနှစ်ပထမခြောက်လတာကာလအတွင်း ရွှေဝယ်ယူမှုမှာနှစ်စဥ် ၁၀ ရာခိုင်နှုန်းရှိပြီး မက်ထရစ်တန်ချိန် ၃ သန်းအထိမြင့်တက်လာမည်ဖြစ်ပြီး ‌ရွှေဝယ်လိုအားသိသိသာသာမြင့်တက်လာခြင်းသည် အထူးသဖြင့် အိမ်နီးချင်းကမ္ဘောဒီးယားမှ ရွှေမှောင်ခိုတင်သွင်းမှုကို မြင့်မားလာစေသည်ဟု Khanh က ပြောကြားခဲ့သည်။ VGTA နှင့် ကမ္ဘာ့ရွှေကောင်စီသည် လက်ရှိတွင် တစ်နိုင်ငံလုံးဆိုင်ရာ‌ရွှေလဲလှယ်မှု စနစ်တစ်ခု ထူထောင်နိုင်ရန်အတွက် ဗီယက်နမ်ဗဟိုဘဏ်၊ အခြားအစိုးရအေဂျင်စီများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပြီး ‌ရွှေစျေးကွက်တည်ငြိမ်မှုကိုပိုမိုပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Source: Reuters

Source: https://www.doca.gov.mm

Category: International News