International News

ထိုင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကုန်သွယ်ရေးတိုးမြှင့်စေရန် ရည် ရွယ်၍ Thailand SME Synergy Expo 2024 ကျင်းပသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ သာမက စီးပွားရေးလုပ်ငန်းများအချင်းချင်း ချိတ်ဆက်ပေးရန် ရည်ရွယ်၍ Thailand SME Synergy Expo 2024 ကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ဇွန်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Queen Sirikit National Convention Center တွင် ကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ အကြား ကုန်သွယ်မှုအဆင့်ကို တိုးမြှင့်ရန်၊ နိုင်ငံတကာစင်မြင့်ထက်သို့ လုပ်ငန်းများ ချဲ့ထွင်သွား နိုင်ရန်နှင့် ၂၀၂၇ ခုနှစ်တွင် GDP တွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပါဝင်မှုကို ၄၀ ရာခိုင်နှုန်းထိ ရောက်ရှိရန်ဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ် ငန်း အစီအစဉ်၊ ဘဏ္ဍာငွေရရှိနိုင်မှုနှင့် ရောင်းချမည့် နေရာများ ရွေးချယ်မှုများအတွက် အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများမြှင့်တင်ရေးရုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနကို လမ်းညွှန်မှာကြားပြီးဖြစ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေး များနှင့် စတိုးဆိုင်များအပါအဝင်‌နေရာ ၁၉,၀၀၀ ကို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ၏ ထုတ်ကုန်များ ရောင်းချရန်အတွက် လျာထားပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisunpang က ပြောကြားခဲ့ပါသည်။

ကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် လုပ်ငန်းမှလုပ်ငန်းနှင့် လုပ်ငန်းမှစားသုံးသူ ချိတ်ဆက်မှု အပြင် အခြားသော ကုမ္ပဏီများနှင့် မိတ်ဖက်ချိတ်ဆက်မှုများ ရရှိနိုင်ပြီး အခွင့်အလမ်းများ ရှာဖွေနိုင် မည် ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေခြင်း၊ ထုတ်လုပ်မှု၊ ယှဉ်ပြိုင်နိုင်မှုတို့အတွက် အရည်အသွေးထိန်းချုပ်မှုဆိုင်ရာများတွင် အကြံဉာဏ်များ ပေးနိုင်ရေးအတွက် SME Clinic ကို ကြေညာသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်တွင် ပါဝင်ခြင်း ဖြင့် ဘဏ္ဍာငွေရရှိမှုအခြေအနေများကို ချဲ့ထွင်နိုင်ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူ ခြင်းကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အသေးစားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်းများ၏ ထုတ်ကုန်များကို အထူးဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ရောင်းချမည့် နေရာများကို ရှာဖွေသွားမည် ဖြစ်ကြောင်း၊ ဘဏ်နှင့် အာမခံကုမ္ပဏီများ ပူးပေါင်း၍ ဘတ် ၄၅ ဘီလီယံ ချေးငွေကို အထူးနှုန်းထားများဖြင့် ချေးပေးသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး Mr. Napintorn က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ GDP တွင်ပါဝင်မှု အချိုးမှာ ၃၅ ရာခိုင်နှုန်းရှိသဖြင့် အဆိုပါ ပါဝင်မှုကို တိုးမြှင့်နိုင်ရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း များ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများထံမှ ငွေကြေးရရှိမှု အကန့်အသတ်များ လျှော့ချနိုင်ရေးနှင့် ထုတ်ကုန်များ၏ အရည်အသွေး၊ ယှဉ်ပြိုင်နိုင်မှုများကို မြှင့်တင်နိုင်ရေးအတွက် ကုန်စည်ပြပွဲများ ကျင်းပပေး ခြင်းနှင့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News