Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပဲစင်းငုံ ၁၆ ပြည်ဝင် အိတ်ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ပဲစင်းငုံ ၁၆ ပြည်ဝင် အိတ်ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းက ပြောသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းက ပဲစင်းငုံ ၁၆ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ပဲစင်းငုံ ၁၆ ပြည်ဝင်အိတ် ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပဲစင်းငုံတွေ ပြည်ပဈေးကွက်ကို တင်ပို့နေရတာကြောင့် အရောင်းအဝယ်ကောင်းလာတာပါ။ ကျောင်းကုန်းမြို့နယ် ထွက်ရှိတဲ့ ပဲစင်းငုံတွေကို ရန်ကုန်ဈေးကွက်မှ တစ်ဆင့် အခြားဈေးကွက်ကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်။ ဩဂုတ်လထဲမှာပဲစင်းငုံ ၁၆ ပြည်ဝင် အိတ်ရေ ၆၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်” ဟု ကျောင်းကုန်းမြို့နယ် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းက ပြောပြသည်။

အဆိုပါဒေသထွက် ပဲစင်းငုံများကို ကျောင်းကုန်းမြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲ ရုံပိုင်ရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပဲစင်းငုံ ၁၆ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ကျောင်းကုန်းမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းထံမှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News