Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း အသားစားကြက် ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း အသားစားကြက် ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း အသားစားကြက် ပိဿာချိန် ၄၉၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း အသားစားကြက်ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်အသားစားကြက်များကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပန်းတနော်မြို့ကနေ ရန်ကုန်ဈေးကွက်ကို အသားစားကြက်တွေ ပိဿာချိန်နဲ့ တင်ပို့ရောင်းချနေရာမှာ ဩဂုတ်လအတွင်း အသားစားကြက် ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အသားစားကြက်တွေ အရောင်းအဝယ်ကောင်းလာတာကြောင့် မွေးမြူတဲ့သူတွေအဆင်ပြေတာတွေ့ရပါတယ်” ဟု ပန်းတနော်မြို့နယ် မွေးမြူရေးထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြသည်။ ပန်းတနော်မြို့နယ်တွင် အခြားမွေးမြူရေးလုပ်ငန်းများနှင့် ယှဉ်တွဲပြီး အသားစားကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဒေသမှ မွေးမြူထွက်ရှိလာသည့် အသားစားကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ အသားစားကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှု အားကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင် များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ကားသမားများ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News