Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း သွေးခုံး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း သွေးခုံး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းလဲ့က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ဒေသထွက်ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး အောက်တိုဘာလအတွင်းက သွေးခုံးပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိပါ တင်ပို့ရောင်းချခဲ့သည့် သွေးခုံး ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၉၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ရန်ကုန်ဈေးကွက်ကို သွေးခုံး တွေ တင်ပို့အား ကောင်းခဲ့ပါတယ်။ ဖျာပုံမြို့နယ်က ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို သွေးခုံးတွေက ဝယ်လိုအားများနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း သွေးခုံးပိဿာချိန် ၅၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ နိုဝင်ဘာလထဲမှာတော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိဒီဇင်ဘာလထဲမှာလဲ သွေးခုံးတွေအပါအဝင် ရေထွက်ကုန်  တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းလဲ့က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်သွေးခုံးများ တင်ပို့ရောင်းချနိုင်သည့် အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ အရောင်းအဝယ်ပြုလုပ်သူများ၊ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News