Local News

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်း ချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်မတ်ပဲများကို ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ရန်ကုန်ဈေးကွက်ကို နိုဝင်ဘာလထဲမှာ မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက်မတ်ပဲတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ဟင်္သာတမြို့နယ်က ထွက်ရှိတဲ့ မတ်ပဲတွေအပြင် အခြားပဲအမျိုးအစားတွေကိုလဲ ရန်ကုန်ဈေးကွက်ကို အဓိကထားတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကပါ မတ်ပဲတွေ ဝယ်ယူမှုများ ပြားနေပါတယ်” ဟု ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် မတ်ပဲ ၁၆ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ မတ်ပဲများ ဝယ်လိုအားကောင်းလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်းအဆင်ပြေနေကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုမွန်က ဆက်လက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ      

Category: Local News