Local News

တရုတ်နိုင်ငံသို့ ပို့နေသည့် သရက်သီးဈေးကောင်း မရဘဲအရှုံးပေါ်နေ

Last Updated:

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သရက်သီးဈေးကွက်သည် ဈေးကောင်းမရရှိခြင်းကြောင့် တင်ပို့သူများအရှုံးပေါ်နေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ မေလဆန်းပိုင်းတွင် စိန်တလုံးသရက်သီးများ မိုင်းလား - တာလော့ ဂိတ်မှတဆင့် တရားဝင်တင်ပို့လျက်ရှိပြီး တစ်ဘက်နိုင်ငံ၏ သရက်သီးပေါက်ဈေးမှာ ၁၆ ကီလိုတစ်ခြင်းလျင် ယွမ် ၁၀၀ - ၁၂၀ ပေါက်ဈေးရှိပြီး ရွှေဟင်္သာ ၁၆ ကီလိုတစ်ခြင်းလျင် ယွမ် ၆၀၊ ၇၀ သာ ပေါက်ဈေးရှိသဖြင့် တင်ပို့ကုန်သွယ်ရသည့် စရိတ်မှာ ကားတစ်စီးလျင် ငွေကျပ် သိန်း ၁၆၀ ခန့်ကုန်ကျစရိတ်ရှိခြင်းကြောင့် သရက်သီးတင်ပို့သူများဆုံးရှုံးမှုရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့သည့် သရက်သီးများမှာ ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၀၀-၁၂၀ ပေါက်ဈေးရှိသဖြင့် မြန်မာငွေဖြင့် ပြန်လည်တွက်ချက်ပါက တစ်ခြင်းလျှင် ငွေကျပ် ၆၀၀၀၀ ခန့် ရရှိသော်လည်း တင်ပို့စရိတ် မြင့်မားခြင်းကြောင့် ပြည်တွင်းဈေးကွက်ကိုသာ ရောင်းချနေရကြောင်းသိရသည်။ ထိုသို့ ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် ပြည်တွင်းဈေးကွက်၌ သရက်သီးတစ်ခြင်းလျင် ငွေကျပ် ၄၀၀၀၀-၄၅၀၀၀ ဖြင့်သာ ရောင်းချနေရကြောင်းလည်း သိရသည်။

Source: https://t.me/popularjournal

Category: Local News