Local News

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုမြင့်တက်နေပြီး ပြောင်းဈေးမြင့်တက်လာ

Last Updated:

မြန်မာ့ပြောင်းကို ပြည်ပ‌ဈေးကွက်ဖြစ်သည့် ထိုင်းနှင့် အိန္ဒိယဈေးကွက်သို့ ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုမြင့်တက်နေပြီး ပြည်တွင်းပြောင်းဈေးသည်လည်း မြင့်တက်လာကြောင်း ပြောင်းလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။ မြန်မာ့ပြောင်းကို ယခင်တင်ပို့နေကျဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများကြောင့် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့နေရခြင်းဖြစ်သည်။

နယ်စပ်မှ ပြောင်းတင်ပို့မှု ရပ်တန့်နေခြင်းကြောင့် ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းတွင် ပြောင်းဆံတပိဿာ ၁,၀၄၀ ကျပ်မှ ၁,၀၆၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ရာ လက်ရှိတွင် ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းပြောင်းဈေးသည် တစ်ပိဿာ ၁,၁၄၀ မှ ၁,၁၆၀ ကြား မြင့်တက်လာကြောင်း သိရသည်။ လက်ရှိ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများသို့ ရေကြောင်းမှတဆင့် တင်ပို့နေကြောင်း လက်ရှိရန်ကုန်ဆိပ်ကမ်း သင်္ဘောတင်ဈေးသည် ပြောင်းတစ်တန် (၆၂ ၃ ပိဿာ) ကို အမေရိကန်ဒေါ်လာ ၂၃၀ ဒေါ်လာမှ ၂၅၀ ဒေါ် လာအတွင်း ဝယ်ယူနေကြောင်း သိရသည်။

Source: https://t.me/popularjournal

Category: Local News