International News

အိန္ဒိယနိုင်ငံ၏ မေလ စားအုန်းဆီတင်သွင်းမှုသည် အပြိုင်အဆိုင်ဈေးနှုန်းများကြောင့် လေးလအတွင်းအမြင့်ဆုံးသို့ရောက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် လေးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိလာခဲ့ကာ မေလတွင် ၁၁.၆ရာခိုင်နှုန်းသို့မြင့်တက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် စားသုံးဆီအများဆုံးတင်သွင်းသော အိန္ဒိယနိုင်ငံမှ ယခုကဲ့သို့ စားအုန်းဆီများ မြင့်မားစွာဝယ်ယူတင်သွင်းမှုသည် မလေးရှားစားအုန်းဆီအနာဂတ်စံညွှန်းကို အထောက်အကူဖြစ်စေနိုင်သည်။ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ၇၆၃၃၀၀ မက်ထရစ်တန်ထိမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ နောက်ပိုင်းမှအစပြု၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း Solvent Extractors’ Association of India (SEA) က ပြောကြားခဲ့သည်။

ပဲဆီတင်သွင်းမှုသည် ၁၆ ရာခိုင်နှုန်းသို့ ၃၂၄၀၁၆ တန်ကျဆင်းခဲ့ပြီး နေကြာဆီတင်သွင်းမှုမှာ တန်ချိန် ၄၁၀၇၂၇ သို့ ၇၅ ရာခိုင်နှုန်းခုန်တက်သွားကာ စုစုပေါင်းဟင်းသီးဟင်းရွက်ဆီမှာ တန်ချိန် ၁.၅ သန်းသို့ ၁၆ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။

ပင်လယ်နက်ပိုင်းဒေသမှ ထောက်ပံ့မှုကျဆင်းခြင်းကြောင့် နေကြာဆီဈေးမြင့်တက်နေချိန်တွင် အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့တွင် ဦးဆောင်ထုတ်လုပ်သူများ ပြတ်လပ်မှုများကြောင့် မကြာသေးမီက ပဲဆီဈေးနှုန်းခုန်တက်ခဲ့ကြောင်း၊ စားအုန်းဆီဈေးနှုန်းများမှာ တည်ငြိမ်နေသဖြင့် အိန္ဒိယနိုင်ငံဝယ်လက်များအတွက် ဆွဲဆောင်မှုဖြစ်စေခဲ့ကြောင်း SEA ၏ အမှုဆောင်ဒါရိုက်တာ B.V.Meht က ပြောကြားခဲ့သည်။ စားအုန်းဆီကြမ်းတင်သွင်းမှုသည် ကုန်ကျစရိတ်၊ အာမခံနှင့် ကုန်စည်ပို့ဆောင်မှုအပါအဝင် မက်ထရစ်တစ်တန်တွင် ၉၅၁ ဒေါ်လာခန့် အိန္ဒိယနိုင်ငံသို့ကမ်းလှမ်းခဲ့ပြီး ပဲဆီတင်သွင်းမှုအတွက် တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ နှင့် နေကြာဆီတင်သွင်းမှုအတွက် ၉၈၇ ဒေါ်လာခန့် အသီးသီးကမ်းလှမ်းထားကြောင်း SEA ၏အဆိုအရသိရသည်။

ပဲဆီတင်သွင်းမှုသည် နှစ်ပတ်အတွင်း တစ်တန်လျှင် ကန်ဒေါ်လာ၆၀ကျော်ဈေးတက်လာသောကြောင့် ဇွန်လတွင် တန်ချိန် ၃၀၀၀၀၀ အောက်သို့ကျဆင်းသွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများအား အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းလျက်ရှိပြီး ပဲဆီနှင့် နေကြာဆီများအား အာဂျင်တီးနား၊ ဘရာဇီးနှင့် ယူကရိန်းနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။

Source: Economictimes

Source: https://www.doca.gov.mm

Category: International News