Local News

ရွှေဘိုခရိုင်အတွင်း ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Last Updated:

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်း အိတ်ရေ ၇၂၅၀၀၊ တန်အားဖြင့် ၃၆၂၅ တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၅၅၀၀၊ နေပြည်တော်သို့ အိတ်ရေ၄၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၅၀၀၊ တန်အားဖြင့် ၃၈၇၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀၊ တန်အားဖြင့် ၂၅၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

ရွှေဘိုမြို့၏ ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၄၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၅၅၀၀၀၊  ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ နှင့် ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News