Local News

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးရံ့ခြောက်ပိဿာချိန် ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးရံ့ခြောက်ပိဿာချိန် ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် ငါးရံ့ခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုမြင့်က ပြောပြ၍ သိရသည်။ မအူပင်မြို့ နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လက ငါးရံ့ခြောက် ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ငါးရံ့ခြောက်ပိဿာချိန် ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်နှင့် အခြားဒေသများမှ ဝယ်ယူမှုများပြားနေခြင်းကြောင့် တင်ပို့မှုအားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ “မအူပင်မြို့နယ်ကနေ ငါးခြောက်အစုံကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ဩဂုတ်လအတွင်း ငါးရံ့ခြောက်ပိဿာချိန် အများအပြားတင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာ ဒေသထွက်ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေပါတယ်” ဟု မအူပင်မြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုမြင့်က ပြောပြသည်။ မအူပင်မြို့နယ်မှ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များအနေ ဖြင့် ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ တစ်ဆင့် နေပြည်တော်နှင့်အခြားဒေသများသို့ ဆက် လက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News