Local News

ဧည့်မထဆန် (မနောသုခ) (အဟောင်း/ အသစ်) ဈေးကျ၍ ဆန်ကွဲ B 1,2 B 2,3,4 ဈေးတက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် စပါးဈေးကောင်း၍ တောင်သူများ အကျိုးအမြတ်ရှိပြီး ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်း အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ် ပေါ်လျက်ရှိပါသည်။ ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၂.၉.၂၀၂၄) ရက် နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၈၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသု ခ) (သစ်) တစ် အိတ် ၇၃၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၆၃၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၆၀၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၉.၉.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနော သုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ် အိတ် ၇၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၆၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၆၁၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝကျပ်တို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်နှင့်ဖွဲနုဈေးမှာ အတက်အကျ မရှိဘဲ ဈေးတည်ငြိမ်လျက်ရှိကာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၃၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ် ၁၀၀၀ကျပ်ဈေးကျဆင်းခဲ့ပြီး ဆန်ကွဲ B (1,2) တစ်အိတ် ၂၀၀၀ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၁၀၀၀ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဧည့်မထ ဆန်(မနောသုခ) (ဟောင်း/ သစ်)ဈေး ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိနေပြီး ဝယ် လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားပြီး ဆန်ကွဲ B(1,2)နှင့် B (2,3,4) ဈေးမြင့်တက်လာခြင်း မှာ အဝယ်လိုက်လာ၍ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဥက္ကဋ္ဌ ထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News