Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် စက်တင်ဘာလဒုတိယပတ်အတွင်း ပဲမျိုးစုံ တစ်ပိဿာ ဈေးနှုန်းမှာ ပဲဖြူလေး ၈၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၅၈၀၀ ကျပ်၊ ပဲပုတ် ၇၆၀၀ ကျပ်၊ ပဲလွန်းမဲ ၅၈၀၀ ကျပ်၊ ပဲဒီ စိမ်းရွှေဝါ ၄၀၀၀ ကျပ်၊ မတ်ပဲ ၆၀၀၀ ကျပ်၊ မြေပဲဆန် ၁၀၀၀၀ ကျပ်၊ ကိုင်းနှမ်း ၈၀၀၀ ကျပ် နှင့် စမုံနက် ၁၀၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း) နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ) တို့မှ သိရှိရပါသည်။ စက်တင် ဘာလ ပထမပတ် အတွင်း ပဲဖြူလေး တစ်ပိဿာ ၈၅၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာ ၅၈၀၀ ကျပ်၊ ပဲပုတ် တစ်ပိဿာ ၇၆၀၀ ကျပ်၊ ပဲလွန်းမဲ တစ်ပိဿာ ၅၈၀၀ ကျပ်၊ ပဲဒီရွှေဝါ တစ်ပိဿာ ၄၀၀၀ ကျပ်၊ မတ်ပဲ တစ်ပိဿာ ၆၀၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာ ၉၀၀၀ ကျပ်၊ ကိုင်းနှမ်း တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် စမုံနက် တစ်ပိဿာ ၁၀၀၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရပါသဖြင့် ပဲမျိုးစုံဈေးနှုန်းများ ငြိမ်သက်နေပါကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News