Local News

ဟင်းသီးဟင်းရွက်များ အတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးမြို့ပေါ်ရှိစျေးများတွင် အိမ်ရှင်မများ မရှိမဖြစ် လိုအပ်သော ခရမ်းချဉ်သီး၊ အာ လူး၊ ငရုတ်သီးစိမ်းများ စျေးအနည်းငယ်မြင့်တက်၍ ဝယ်ယူစားသုံး နေရပါသည်။ ယာဂီမုန်တိုင်း ၏ အကျိုးဆက်ကြောင့် မိုးများအဆက်မပြတ်ရွာသွန်းနေကာ ရေကြီးရေလျှံမှုများလည်း နေရာ အနှံ့အပြားကြုံတွေ့နေရ၍ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုကြောင့် ကုန်စိမ်းစျေးများ အနည်းငယ် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခင်သြဂုတ်လတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူး တစ်ပိဿာ ကျပ်(၃၅၀၀/၄၀၀၀)၊ ငရုတ်သီးစိမ်း(ပင်နံ) တစ်ပိဿာ ကျပ်(၁၈၀၀၀)‌စျေးတို့ဖြင့် ရောင်းချလျက် ်ရှိရာ ယခုစက်တင်ဘာလတွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ်(၂၅၀၀)၊ အာလူး တစ်ပိဿာ ကျပ် (၅၀၀၀)၊ ငရုတ်သီးစိမ်း(ပင်နံ) တစ်ပိဿာ ကျပ် (၂၀၀၀၀)‌စျေးအထိ မြင့်တက်သွားပြီး ခရမ်းချဉ် သီး တစ်ပိဿာ ကျပ်(၅၀၀)၊ အာလူးတစ်ပိဿာ ကျပ်(၁၀၀၀)၊ ငရုတ်သီးစိမ်း(ပင်နံ) တစ်ပိဿာ ကျပ်(၂၀၀၀) အသီးသီးစျေးတက်သွားကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News