Local News

လှူဒါန်းရန် ဝယ်ယူမှုများလာ၍ ကုလားပဲနှင့်ပဲကြီး အရောင်းအဝယ်သွက်နေ

Last Updated:

စက်တင်ဘာလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်၌ ရေဘေးသင့် ဒေသများသို့ လှူဒါန်းရန်အတွက် ဝယ်ယူမှုများပြားလာခြင်းကြောင့် ကုလားပဲ နှင့် ပဲကြီးများ အရောင်းအဝယ်သွက်နေကြောင်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကုလားပဲ နှင့် ပဲကြီး သုံးတင်းတစ် ဈေးနှုန်းများမှာ-ကုလားပဲဖြူကြီး (V2) ၅၇.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၅၀၀၀ မှ ၃၁၇၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၉၅၀၀၀၊ ယခင်လ ကျပ် ၃၂၅၀၀၀ မှ ၃၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၀မှ ၂၂၀၀၀ ထိဈေးမြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ၂၃၀၀၀  ထိဈေးနိမ့်လာသည်။

ကုလားပဲဖြူကြီး (V7) ၅၇.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၄၅၀၀၀မှ ၃၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀၀၀၊ ယခင်လ ကျပ် ၃၇၅၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀မှ ၂၀၀၀၀ ထိဈေးမြင့်လာပြီး ၊ ယခင်လထက် ကျပ်  ၃၀၀၀၀ မှ ၅၀၀၀၀ ထိဈေးနိမ့်လာသည်။ ကုလားပဲ (ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၈၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၇၀၀၀၀ မှ ၂၇၂၀၀၀၊ ယခင်လ ကျပ် ၂၈၅၀၀၀ မှ ၂၉၂၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၃၀၀၀ မှ ၁၅၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၇၀၀၀ ထိဈေးနိမ့်လာသည်။ ကုလားပဲ (929) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၇၈၀၀၀မှ ၂၈၀၀၀၀၊ ယခင်လ ကျပ်၂၉၅၀၀၀မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၁၇၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ်  ၁၀၀၀၀ ထိဈေးနိမ့်လာသည်။ ပဲကြီး ၅၅.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၀၀၀၀မှ ၂၈၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၅၀၀၀၀မှ ၂၆၀၀၀၀၊ ယခင်လကျပ် ၂၈၅၀၀၀မှ ၂၉၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၂၅၀၀၀ ဈေးနိမ့်လာသည်။

Source:  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News