Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း အသားစားကြက်ပိဿာ ချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း အသားစားကြက်ပိဿာ ချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြော၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက မွေးမြူရေးအသားစားကြက် ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်ထိ မွေးမြူရေးအသားစားကြက် ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်မွေးမြူရေးအသားစားကြက်များဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို မွေး မြူရေးအသားစားကြက်တွေ အကောင်လိုက် ပိဿာချိန်နဲ့ တင်ပို့ရောင်းချနေတာပါ။ ဒီလိုတင်ပို့ရောင်းချနေရာမှာ အောက်တိုဘာလအတွင်းက မွေးမြူရေးအသားစားကြက် ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ကြက်ပိဿာချိန် ပိုမိုရောင်းချခဲ့ရသလိုဈေးကလဲ ကောင်းလာခဲ့တယ်။ ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို မွေးမြူရေးအသားစားကြက်တွေ ကုန်တင်ကားတွေနဲ့ အများဆုံးတင်ပို့ရောင်းချခဲ့တာပါ။ အရောင်းအဝယ်ကောင်းလာ တာကြောင့် အသားစားကြက်မွေးမြူတဲ့သူတွေ အဓိကအဆင်ပြေတာတွေ့ရပါတယ်” ဟု ပန်းတနော်မြို့နယ်မှ မွေးမြူရေးထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညိုက ပြောပြသည်။ ပန်းတနော်မြို့နယ်တွင် အခြားမွေးမြူရေးလုပ်ငန်းများနှင့် ယှဉ်တွဲပြီး အသားစားကြက်မွေးမြူရေးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါဒေသမှ မွေးမြူထွက်ရှိသည့် မွေးမြူရေးကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ မွေးမြူရေးအသားစားကြက်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချရမှုကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ကားသမားများ အလုပ်အကိုင် အခွင့်အလမ်းကောင်းလာကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News