Local News

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဖူးစားပြောင်း အဖူးရေ ၉၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ဖူးစားပြောင်း အဖူးရေ ၉၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလ အတွင်းက ဒေသထွက် ဖူးစားပြောင်း အဖူးရေ ၆၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ဖူးစားပြောင်း အဖူးရေ ၉၇၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “အောက်တိုဘာလအတွင်း ကျိုက်လတ်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဖူးစားပြောင်း အဖူးရေ ၉၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ကျိုက်လတ်မြို့နယ်ကနေ ဒေသထွက် ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှု အားကောင်းနေလို့ တင်ပို့အားကောင်းခဲ့တာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ များများတင်ပို့ရောင်းချနေရတော့ ကုန်သည် တွေကအစ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ဖူးစားပြောင်းတွေက အရည်အသွေးကောင်းပါတယ်” ဟု ကျိုက်လတ်မြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ဖူးစားပြောင်း များကို ဝယ်ယူပြီး ကုန်တင်ကားများဖြင့် ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက်ဖူးစားပြောင်းများသည် ပိုးမွှားကင်းရှင်းကြောင်း၊ အဆိုပါဖူးစားပြောင်း အဖူးရေ ၁၀၀၀ လျှင် ငွေကျပ် ၂၉၀၀၀၀ မှ ၃၄၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News