Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ယခင်လကထက် ငါးခေါင်းပွ ပိဿာချိန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ယခင်လကထက် ငါးခေါင်းပွ ပိဿာချိန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာဝင်းက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ငါးခေါင်းပွ ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အတွင်းက ငါးခေါင်းပွ ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း၊ အဆိုပါ ငါးခေါင်းပွ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ထိ ပေါက်ဈေး ရှိကြောင်း သိရသည်။ “ပန်းတနော် ဘက်ကနေ ငါးခေါင်းပွတွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ငါးခေါင်းပွတွေကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူမှုကောင်းနေလို့ တင်ပို့မှုကောင်းလာသည်။ ဒါကြောင့် ငါးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု ပန်းတနော်မြို့နယ်ရေထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာဝင်းက ပြောပြသည်။ ပန်းတနော်မြို့နယ် မှ ထွက်ရှိသည့် ငါးခေါင်းပွများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးခေါင်းပွများ အပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း  သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News