Local News

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ကုလားပဲဧက ၂၆၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာသီ၌ ယခင်နှစ်က ၂၆၉၀၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၂၆၉၁၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ “ဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများ ပြောင်းလဲသုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်ရေး၊ ပိုးမွှား၊ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကွင်းဝန်ထမ်းများမှ တစ်ဆင့် နည်းပညာပေးလျက်ရှိပါတယ်” ဟု သိရသည်။ ကုလားပဲသီးနှံကို စပါးအပြီး လယ်သီးထပ်အနေနဲ့လည်း စိုက်ပျိုးကြပါတယ်။ ဒီနှစ်က စိုက်ချိန်ကလည်း ရာသီအစိုဓာတ်မီသွားတော့ ကုလားပဲခင်းတွေ အလားအလာကောင်းပါတယ်။ ဖူးပန်းဝင်ချိန် အပင်ပြုစုနည်းတွေနဲ့ ပိုးမွှားရောဂါကြိုတင်ကာကွယ်နည်းတွေ၊ မျိုးစေ့မချမီ မျိုးစေ့စီရင်နည်းစနစ်တွေကိုပါ ဆက်တိုက် ပညာပေးခဲ့ပါသည်။ ကုလားပဲသီးနှံကို ကျေးရွာအုပ်စု ၆၅ အုပ်စုတွင် စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်ကာလတူ စိုက်ဧကထက် ပိုတိုးလာကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News