Local News

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ မတ်ပဲအထွက်နှုန်းများကောင်းမွန်၍ တောင်သူများ အဆင်ပြေ

Last Updated:

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ ဆောင်းသီးနှံမတ်ပဲစိုက်ဧက ၆၅၈၈၈ ဧကရှိပြီး အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် TBL-9 မျိုးနှင့် ရေဆင်း-၇ မျိုးများကို စိုက်ပျိုးခဲ့ရာ TBL-9 မတ်ပဲစံကွက်ရိတ်သိမ်းခြင်းကို ဖေဖော်ဝါရီ ၁၈ ရက်က ဆောင်ရွက်ခဲ့သည်။ အဆိုပါစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ၃၀ ဒသမ ၅ တင်းထွက်ရှိခဲ့ပြီး တောင်သူများ အကျိုးအမြတ်များစွာရရှိ၍ တွက်ခြေကိုက်လျက်ရှိ ကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News