Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်းဖြစ်ပြီး (၁၇-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၁၈.၉၅၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၇၇.၃၅၉% )ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိပို့ကုန်တန်ချိန် (၆၃၂၃.၆၃၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄.၆၈၇) သန်းနှင့် သွင်းကုန်တန်ချိန်(၂၂၃၅.၉၄၃)တန်၊ (၇၂၅၄)U၊(၁၂၉၃၃၄)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၇၀၄)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅.၃၉၁) သန်းဖြစ်ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၅၂၃၈.၉၅၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄.၄၀၁)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၈၃၂.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၉၁)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၂၅၂.၆၇၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၉၅)သန်းတင်ပို့နိုင်ခဲ့ပါသည်။  ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News