Local News

မြိတ်ကုန်သွယ်ရေးစခန်းမှကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၈၅၆.၄) ဒေါ်လာနှုန်းဖြင့်(၂၃၅၄) တန် ၊ တန်ဖိုး (၂.၀၁၆)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၁၁) ဒေါ်လာနှုန်းဖြင့် (၂၇) တန်၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်းတို့ကိုအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ(၁) တန်လျှင် (၁၃၅၆.၆) ဒေါ်လာနှုန်းဖြင့် (၁၅၁၂) တန်၊ တန်ဖိုး (၂.၀၅၁) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormEအကျိုးခံစားခွင့်လျှောက်ထားရယူ၍မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန် တန်ဖိုး (၄.၁၁၆) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်းဒီဇယ်ဆီ (၁)တန်လျှင် (၈၆၂) ဒေါ်လာနှုန်းဖြင့်(၁၆၀၀) တန်၊ တန်ဖိုး (၁.၃၇၉) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၅၅) ဒေါ်လာနှုန်းဖြင့်(၇၀၀) တန်၊ တန်ဖိုး (၀.၆၆၉) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၄၈၉.၇၅၆)တန်၊ ၄၂၄၅၃M2၊ (၂၅၆၆)U၊ တန်ဖိုး (၀.၄၅၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၂၄.၅၄)တန်၊ (၈၀၀)U ၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်းစုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၅၅၇) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀)ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၁၀၁.၂)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News