ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှုပမာဏတွင်သာမက ကုန်သွယ်ရေး ကြီးထွားမှုအမြန်နှုန်းတွင်ပါ ကမ္ဘာ့စီးပွားရေးကြီးထွားမှု အမြန်ဆုံး ၃၀ စာရင်းတွင်ရပ်တည်နိုင် ကြောင်း ဂျာမနီထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း DHL က ခန့်မှန်းပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများသည် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ စီးပွားရေးကြီးထွားမှု ပမာဏနှင့် အမြန်နှုန်းမြင့်တက်လာနိုင်ခြင်းနှင့်အတူ လာမည့်ငါးနှစ်အတွင်း ကုန်သွယ်ရေး ကြီးထွားမှုအရှိန်မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ကုန်သွယ်မှုပမာဏသည် ၂၀၁၉-၂၀၂၄ ကာလတွင်နှစ်စဉ်ကြီးထွားနှုန်း ၆.၂ ရာခိုင်နှုန်းမှ ၂၀၂၄-၂၀၂၉ ကာလတွင် ၆.၅ ရာခိုင်နှုန်းထိ ကြီးထွားရန်ခန့်မှန်းရကြောင်း သိရပါသည်။ အစီအရင်ခံစာအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကုန်သွယ်ရေးမူဝါဒများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကြီးထွားမှု လမ်းကြောင်းကို အလုံးစုံပြောင်းပြန်ဖြစ်ရန် မဖြစ်နိုင်ကြောင်း သိရပါသည်။ အရှေ့တောင် အာရှနိုင်ငံများတွင်ကုန်သွယ်ရေးကြီးထွားမှု၏ အဓိကမောင်းနှင်အားထဲမှတစ်ခုမှာ စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏ထောက်ပံ့မှုကွင်းဆက်ကို တရုတ်မှရွှေ့ပြောင်းနိုင်သောကြောင့် ထောက်ပံ့မှုကွင်းဆက်မဟာဗျူဟာကွဲပြားမှုမြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း သိရပါသည်။ DHL က ဥရောပနှင့် မြောက်အမေရိကလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်ရာအချက်ချာအဖြစ် အရှေ့ တောင်အာရှ၏ အခန်းကဏ္ဍ မြင့်တက်လာခြင်းကို အသားပေးပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။
Source: https://www.doca.gov.mm