ဈေးကွက်ဈေးနှုန်း

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၃-၅-၂၀၂၄ မှ ၁၇-၅-၂၀၂၄) အတွင်း ပဲနှင့်အခြား ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၁၄၉၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃,၄၁၄,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၀၈၇,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၈၁၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၈၆,၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၃၈,၀၀၀ အသီးသီးဈေး မြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၅ လုံး (တန်ချိန် ၁၃၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၅၀ လုံး (တန်ချိန် ၃၆၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၉၅ လုံး (တန်ချိန် ၂၂၈၀) ပိုမိုဝင်ရောက် ခဲ့ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၄၈၀၀၊ မြားနီ ကျပ် ၄၂၀၀ ၊ပန်းတနော်ရှည် ကျပ် ၃၈၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၂၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၂၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၂၀၀၊ မြားနီ ကျပ် ၆၀၀ နှင့် ပန်းတနော်ရှည် ကျပ် ၄၀၀  အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၁၈၀၀ (၂၃၆,၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၉၅၀  ( ၁၄၂၅၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၀၈၀၀ (၂၁၆,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၆၀၀ (၉၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၀၀၀ (၂၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၅၀   ( ၅၂၅၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်းဒါးဇင်း ကျပ် ၃၃၀၀ အသီးသီး ဈေးဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးပွင့်ကပ်(သစ်)ကျပ် ၅၀ ဈေးမြင့်တက်ပြီး ကျန်မန်ကျည်းသီးများ ဈေးငြိမ်လျက် ရှိသည်။ 

 ထန်းလျက်၊ ကြံသကာ နှင့် သကြား 

 ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၆၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၁၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၆၀၀ ဈေးအသီးသီး ဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။  

 

ကြက်သွန်နီ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူနှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများနေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၂၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၃၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၂၀၀၊ မုံရွာလတ်သန့် ကျပ် ၂၀၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီများ ဈေးငြိမ် လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၁၈ စီး (၇၀၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၅ စီး (၇၅၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် ကားစီးရေ ၇ စီး(၄၂,၀၀၀ ပိဿာ) ပိုမိုဝင်ရောက် ခဲ့ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ် နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၁၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၇၀၀၀၊ အောင် ပန်းထူး-၃ ကျပ် ၇၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၈၅၀၀ အသီးသီး ဈေးဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၂၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၅၈၀၀ (၁၇၄,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၅၇၀၀ (၁၇၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၀၀ (၃,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ် A1 ကျပ် ၁၇၀၀ ၊ တရုတ် OK ကျပ် ၁၉၀၀ ၊ တရုတ် S1 ကျပ် ၁၉၀၀၊ တရုတ်S2 ကျပ် ၁၇၀၀ ဈေးနှုန်း အသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ် A1 ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အာလူးဈေးများ ငြိမ်လျက်ရှိသည်။  ကုန်စည် ဒိုင်သို့ အာလူးဝင် ရောက်မှုမှာ ကားအစီးရေ ၃၉ စီး ၂၃၄၀၀၀ ပိဿာ ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၄၇ စီး (၂၈၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၈ စီး (၄၈၀၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ ကြောင်း သိရသည်။