ဈေးကွက်ဈေးနှုန်း

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်း

Last Updated:

ကြက်သွန်နီ

 မော်လမြိုင်ကုန်စည်ဒိုင်သို့ မြစ်သားနှင့်ဆိပ်ဖြူတို့မှ ကြက်သွန်နီများဝင်ရောက်လျက်ရှိရာ မေလတတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး) တစ် ပိဿာ (၃၀၀၀)ကျပ်၊ မြစ်သား(အလတ်)တစ်ပိဿာ (၂၉၀၀)ကျပ်၊ မြစ်သား(အသေး) တစ်ပိဿာ (၂၇၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိဿာ (၂၆၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်)တစ်ပိဿာ (၂၅၀၀) ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိဿာ (၂၀၀၀)ကျပ် တို့ဖြစ်ပြီး မေလပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ ဈေးနှုန်းများမှာ မြစ်သား(အကြီး)တစ်ပိဿာ(၃၄၀၀)ကျပ်၊ မြစ်သား(အလတ်)တစ် ပိဿာ(၃၃၀၀)ကျပ်၊ မြစ်သား(အသေး)တစ်ပိဿာ(၃၁၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိဿာ (၂၈၀၀) ကျပ်၊ ဆိပ်ဖြူ(အလတ်)တစ်ပိဿာ(၂၇၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိဿာ(၂၂၀၀) ကျပ်တို့ဖြစ်ပြီး မေလတတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက် ရှိကြောင်းသိရှိရပါသည်။

ကြက်သွန်ဖြူ           

 မော်လမြိုင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းကြက်သွန်ဖြူများ ဝင်ရောက်လျက် ရှိရာ မေလတတိယပတ်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ်တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ထူးလေးတစ်ပိဿာ(၉၂၀၀)ကျပ်၊ ထူးငါးတစ်ပိဿာ (၉၇၀၀)ကျပ်တို့ဖြစ်ပြီး မေလပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ထူးလေးတစ်ပိဿာ(၇၅၀၀)ကျပ်၊ ထူးငါးတစ်ပိဿာ(၈၀၀၀)ကျပ်တို့ ဖြစ်ပြီး မေလပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်အတက်ရှိကြောင်း သိရှိရပါသည်။                                          

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး