Local News

ကြက်သားစျေးတက်သလို ကြက်ဥစျေးပါမြင့်တက်

Last Updated:

မကွေးမြို့တွင် သင်္ကြန်မတိုင်မီကတည်းက ကြက်သားစျေးများ မြင့်တက်လာရာ ယခုအချိန်ထိ စျေးမြင့်တက်ဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ကြက်သားစျေး မြင့်တက်လာသလို ကြက်ဥစျေး ပါ လိုက်ပါမြင့်တက်လာသည်ကိုတွေ့ရသည်။ 
သင်္ကြန်မတိုင်မီတွင် ကြက်သားစျေးမှာ ဗမာကြက်တစ်ပိဿာ ကျပ် ၂၀၀၀၀၊ စီပီကြက် တစ်ပိဿာ အသားချည်း ကျပ် ၁၄၀၀၀၊ အရိုးအသား ကျပ် ၁၀၀၀၀အထိ စျေးအသီးသီးရှိပြီး ကြက်ဥစျေးမှာလည်း (၁၀)လုံး ကျပ်၂၈၀၀/၃၀၀၀စျေးသာ ရှိခဲ့ပါသည်။ သင်္ကြန်ပြီး နောက်ပိုင်းတွင် ကြက်သားစျေးမှာ ဗမာကြက်တစ်ပိဿာ ကျပ် ၂၂၀၀၀၊ စီပီကြက် တစ်ပိဿာ အသားချည်း ကျပ် ၂၀၀၀၀၊ အရိုးအသား ကျပ် ၁၄၀၀၀၊ ကြက်ဥစျေးမှာ (၁၀) လုံး ကျပ် ၃၂၀၀စျေး အထိ မြင့်တက်နေကြောင်း သိရှိရသည်။ 
သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာနှိုင်းယှဉ်ပါက ကြက်သားစျေးမှာ ဗမာကြက်တစ်ပိဿာ ကျပ် ၂၀၀၀၊ စီပီကြက် တစ်ပိဿာ အသားချည်း ကျပ် ၆၀၀၀၊ အရိုးအသား ကျပ် ၄၀၀၀နှင့် ကြက်ဥဆယ်လုံး ကျပ်(၂၀၀)အထိမြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရှိရသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News