Local News

မြေပဲဆံစျေးများ ယခင်လထက်မြင့်တက်လာ

Last Updated:

မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ မြေပဲဆန်စျေးများ ယခင်ထက်စျေးတက်၍ အရောင်းအဝယ်ဖြစ်နေပါသည်။ မြေပဲဆံကို တရုတ်မှ မြေပဲဆံအနီရော အဖြူပါ ဝယ်လိုအားရှိနေပြီး ရန်ကုန်/မြဝတီဘက်မှလည်း မြေပဲအဖြူဆံကို ဝယ်လိုအားရှိနေသည့်အပြင် ပဲပုတ်ဖတ်တင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ ပြည်တွင်းရှိပဲဖတ်များကို အဝယ်လိုက်လာခြင်းတို့ကြောင့် မြေပဲဆံစျေး  တက်လာခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရသည်။  

မေလတွင် မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၆၆၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ကျပ် ၆၉၅၀စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဇွန်လတွင် မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၇၄၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ကျပ် ၇၄၀၀အထိစျေးရှိပြီး တစ်ပိဿာ ကျပ် ၄၅၀မှ ၈၀၀အထိ စျေးမြင့်တက်လာသည်။ အသစ်မပေါ်သေးမီ ကုန်လက်ကျန်နည်းသွားပြီး တစ်ရက် မြေပဲလုံးဆံနီရောအဖြူပါ ၂၅ပိသာဝင်အိတ် ၃၀၀ မှ ၄၀၀ ကြားဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News