Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လတတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲကြီး၊ ပဲယင်းဝါနှင့် ပြောင်းနီဈေးငြိမ် ၍ CP ပြောင်းဖူးစေ့ဈေး မြင့်တက်နေပြီး မတ်ပဲ၊ ပဲတီစိမ်းကြီး၊  ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ထောပတ်ပဲ၊ မြေထောက်ပဲဖြူ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ929 နှင့် ကုလားပဲ ထိုင်ဝမ်ဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။ ယခုအပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၆၄၀၀၀ကျပ်၊ ဂျုံထွက်တိုး ၅၅၀၀၀ ကျပ်၊ ပဲကြီး ၈၆၀၀၀ ကျပ်၊ မတ်ပဲ ၉၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး (သ) ၆၂၅၀၀ ကျပ်၊ ပဲစင်းငုံ ၁၄၃၇၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၅၆၀၀၀ကျပ်၊ ပဲနီလုံးကြား ၆၆၀၀၀ကျပ်၊ ပဲယင်းဝါ ၅၂၀၀၀ကျပ်၊ ထောပတ်ပဲ ၁၂၀၀၀၀ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၁၅၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၂၀၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀ ကျပ်၊ ကုလား ပဲဖြူလုံးကြီး ၈၄၀၀၀ ကျပ် ၊ကုလားပဲဖြူလုံးသေး ၈၆၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၁၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၁၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်အပတ် ကာလတူပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၆၄၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၅၅၀၀၀ ကျပ်၊ ပဲကြီး ၈၆၀၀၀ ကျပ်၊ မတ် ပဲ ၁၀၂၀၀၀ကျပ်၊ ပဲတီစိမ်းကြီး(သ) ၆၅၀၀၀ကျပ်၊ ပဲတီစိမ်းသေး ၅၂၅၀၀ကျပ်၊ ပဲစင်း ငုံ ၁၄၆၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၅၆၀၀၀-၅၇၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၆၇၀၀၀ ကျပ်၊ ပဲယင်းဝါ ၅၂၀၀၀ ကျပ်၊ ပုဂံပဲ ၁၁၆၀၀၀ကျပ်၊ ထောပတ်ပဲ ၁၂၅၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) ၁၂၀၀၀၀ကျပ်၊ CP ပြောင်းဖူး စေ့ ၂၁၅၀၀ ကျပ်၊ ပြောင်းနီ  ၂၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး  ၈၆၀၀၀ ကျပ်၊ ကုလားပဲဖြူ လုံးသေး ၈၈၀၀၀ ကျပ်၊ ကုလားပဲ 929 ၈၃၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၂၀၀၀ကျပ် ပေါက်ဈေးရှိ၍  ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ တစ်တင်း ၅၀၀ ကျပ် နှုန်းမြှင့်တက်နေပြီး မတ်ပဲတစ်တင်း၇၀၀၀ကျပ်၊ ပဲတီစိမ်းကြီးတစ်တင်း၂၅၀၀ ကျပ်၊  ပဲစင်းငုံ တစ်တင်း၂၈၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း ၁၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်း ၁၀၀၀ ကျပ်၊  ထောပတ်ပဲ တစ်တင်း ၅၀၀၀ ကျပ်၊ မြေထောက်ပဲ(ဖြူ) တစ်တင်း ၅၀၀၀ ကျပ်၊  ကုလားပဲ ဖြူလုံးကြီး တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲဖြူလုံသေး တစ်တင်း ၂၀၀၀ ကျပ်၊ ကုလားပဲ 929 ၁၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၀၀၀ ကျပ်နှုန်း ကျဆင်းနေကြောင်း သိရသည်။   

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News