Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လတတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်ဈေးငြိမ်၍ နှမ်းညိုဈေးနှုန်းများ ကျဆင်းနေပြီး နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။ ဇွန်လ တတိယပတ်တွင် နှမ်းညို တစ်တင်း ၁၀၀၀၀၀- ၁၀၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၄၂၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၅၀၀၀-၁၃၉၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၈၀၀၀-၁၁၄၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၈၀၀၀ -၁၃၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၂၅၀၀၀-၁၄၂၀၀၀ ကျပ်ရှိ၍ ယခုအပတ်နှင့် ယခင်အပတ် ကာလတူ နှိုင်း ယှဉ်ပါက နှမ်းနက်ဈေးငြိမ်၍ နှမ်းညို တစ်တင်း ၉၀၀၀ကျပ် ကျဆင်းနေပြီး နှမ်းဖြူ တစ်တင်း ၉၀၀၀ ကျပ် မြင့်တက်နေကြောင်း သိရသည်။

ဇွန်လတတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၃၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၆၀၀-၇၉၀၀ကျပ်ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၂၀၀-၇၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၅၀၀-၆၆၀၀ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ် ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၆၀၀ကျပ်နှင့် မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၃၀၀ကျပ်နှုန်း မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နှမ်းဆီ တစ် ပိဿာ ၁၃၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၈၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၇၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၇၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News