International News

အိန္ဒိယနိုင်ငံသည် နယူးဇီလန်မှ ကီဝီသီးတင်သွင်းခွန်ကို ၃၀% လျှော့ချ

Last Updated:

အိန္ဒိယနိုင်ငံသည် ကီဝီသီးအပေါ်တင်သွင်းခွန်ကို ၃၀% လျှော့ချရန် နယူးဇီလန်၏တောင်းဆိုမှုကို သဘောတူညီခဲ့သည်။ နယူးဇီလန်သည် အိန္ဒိယနိုင်ငံမှ သရက်သီးများ၊ ငှက်ပျောသီးများနှင့် လတ်ဆတ်သော သလဲသီးများအတွက်လည်း ၎င်းတို့၏ဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။ နယူးဇီလန်သည် ပန်းသီးကဲ့သို့သော သစ်သီးဝလံများကို တိုးမြှင့်ထုတ်လုပ်ရန်နည်းပညာများဖလှယ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ၏အဆိုပြုချက်ကို အပြုသဘောဖြင့် တုံ့ပြန်ခဲ့သည်။ နယူးဇီလန်ဝန်ကြီးချုပ် အိန္ဒိယနိုင်ငံသို့ အောက်တိုဘာလတွင် လာရောက်သည့်အခါ သဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးနိုင်မည်ဟုမျှော်လင့်ထားကြသည်။

သို့သော်လည်း အိန္ဒိယနိုင်ငံအတွင်း၌ ကီဝီဧရိယာဟတ်တာ ၆၀၀၀ ခန့်အထိရှိပြီဖြစ်သောကြောင့် အိန္ဒိယနိုင်ငံမှ စိုက်ပျိုးသူများအတွက် ထိခိုက်နစ်နာမှုရှိနိုင်သောကြောင့် နယူးဇီလန်သွင်းကုန်ခွန်ကို သိသိသာသာလျှော့ချနိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံမှ ကီဝီသီးတန်ချိန် ၅၀၉၂၀ တင်သွင်းနိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၄၃၂၇၀ သာတင်သွင်းနိုင်ခဲ့သည်။

ထိပ်တန်းသစ်သီးဝလံတင်သွင်းသူ Anil Dwivedi က ချီလီနိုင်ငံမှ ကီဝီသီးများကို အိန္ဒိယဦးစားပေးကုန်သွယ်မှုသဘောတူညီချက်ကြောင့် ၁၅% အခွန်ဆောင်ရကြောင်း၊ ရလဒ်အနေဖြင့် နယူးဇီလန်ထက် ဈေးနှုန်းအသာစီးရကြောင်းပြောကြားခဲ့သည်။ အိန္ဒိယနှင့် နယူးဇီလန်တို့သည် လွတ်လပ်သောသဘောတူညီချက် (FTA) ၂၀၁၀ခုနှစ်တွင် ဧပြီလမှစတင်၍ ဆွေးနွေးခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေလီမြို့၌ နောက်ဆုံးတရားဝင်ဆွေးနွေးပွဲများကျင်းပခဲ့သည်။ သို့သော်လည်း ကုန်သွယ်မှုပမာဏနည်းပါးခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆွေးနွေးပွဲများကိုရပ်ဆိုင်းခဲ့ရသည်။

စေ့စပ်ညှိနှိုင်းမှုတွင် အဓိကအကျုံးဝင်သောကဏ္ဍများမှာ ကုန်စည်ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်ကိစ္စရပ်များပါဝင်သည်။ စေ့စပ်ညှိနှိုင်းမှုများကို နယူးဇီလန်မှတာဝန်ရှိသူများက မဖြစ်နိုင်သောစိန်ခေါ်မှုဟုဖော်ပြခဲ့သည်။ ကုန်သွယ်ရေးသဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းရာတွင် ရှုပ်ထွေးမှုများကြောင့် သဘောတူညီချက်တစ်ခုရရှိရန် အခက်အခဲတချို့ရှိနေသည်ဟု ယင်းအချက်ကညွှန်ပြနေသည်။

Source : Finance.yahoo

Source: https://www.doca.gov.mm

Category: International News