International News

အိန္ဒိယနိုင်ငံသည် ပိုလန်သို့ သဖန်းသီးဖျော်ရည်ကို ပထမဆုံးတင်ပို့

Last Updated:

အိန္ဒိယနိုင်ငံမှ ထူးခြားသောစိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုတိုးမြင့်လာစေရန် ၎င်း၏အစပျိုးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပိုလန်နိုင်ငံသို့ သဖန်းသီးဖျော်ရည်ကို ပထမဆုံးတင်ပို့ရောင်းချခဲ့ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့တွင်ပြောကြားခဲ့သည်။ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် GT (ပထဝီအညွှန်း) တပ်ထားသော Purandar သဖန်းသီးမှထုတ်လုပ်သော အသင့်သောက်သဖန်းသီးဖျော်ရည်များကို ပိုလန်သို့ အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

GI(ပထဝီအညွှန်း) တဂ်သည် ထိုပစ္စည်းအား တရားဝင်အကာအကွယ်ပေးပြီး အခြားသူများ၏ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုကိုဟန့်တားကာ ထုတ်ကုန်တင်ပို့မှုကိုမြှင့်တင်ရာတွင် ကူညီပေးသည်။ ၎င်းသဖန်းသီးဖျော်ရည်တင်ပို့ရောင်းချမှုသည် ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယလယ်ယာထွက်ကုန်များ၏အလားအလာကို ထင်ဟပ်စေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: deccanherald

Source: https://www.doca.gov.mm

Category: International News