Local News

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂျပန်-မြန်မာချစ်ကြည်ရေး အသင်း၏ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Yusuke (မစ္စတာ ဝါတာနာဘဲ ယုဆုကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအားအသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News