International News

ကမ္ဘောဒီးယားဆန် တန်ချိန် ၁.၆ သန်း ဗီယက်နမ်နိုင်ငံသို့ တင်ပို့

Last Updated:

ကမ္ဘာ့ဆန်တင်ပို့မှု တတိယအများဆုံးနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံက ၂၀၂၃ ခုနှစ် ပထမ ၈ လမှာ ကမ္ဘောဒီးယားဆန် တန်ချိန် ၁.၆ သန်းနီးပါး၊ ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး ဝယ်ယူခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ Prey Veng ပြည်နယ် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အချက်အလက် ထုတ်ပြန်ပါသည်။

Prey Veng ပြည်နယ်မှာ စိုက်ပျိုး ထုတ်လုပ်သည့် ဆန်များကို ဗီယက်နမ်နိုင်ငံက ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ ကာလအတွင်း ဆန် မက်ထရစ်တန် ၁,၅၈၉,၇၄၀၊ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၃၉၃,၁၅၁,၂၆၂ ကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ Prey Veng ပြည်နယ်မှ ဆန်များကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရန် အသုံးပြုသည့် အဓိကဆိပ်ကမ်း ၂ ခုမှာ Banteay Chakrei International Port နှင့် Koh Roka International Port တို့ဖြစ်ပါသည်။

Source: khmertimeskh 

https://www.foodindustrydirectory.com.mm

Category: International News