Local News

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက် စပါးများကို ဝယ်ယူပြီး ကြိတ်ခွဲ၍ ဆန်အဖြစ် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ရန်ကုန်ဆန်ဈေးကွက်ကို အောက်တိုဘာလအတွင်းမှာ ရက် ၉၀ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ဆန်တွေကို ပြည်တွင်းမှာ ဝယ်ယူမှုများပြားနေပြီး ရန်ကုန်ဈေးကွက်က လက်ရှိလဲ ဆန်တွေအဝယ်လိုက်နေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ရက် ၉၀ ဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်များကို အဆက်မပြတ် တင်ပို့ရောင်းချနေရခြင်းကြောင်း အရောင်းအဝယ်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် တောင်သူများ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ လုပ်ငန်းများအဆင်ပြေစွာ လည်ပတ်လျက်ရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်ထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News