Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်မုန်လာဥဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက်မုန်လာဥဖြူများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ ဟင်းသီးဟင်းရွက်အစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရည်ဝင်းက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်မှ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ဒေသထွက်မုန်လာဥဖြူများထွက်ရှိပြီး ဇန်နဝါရီလပထမပတ်မှ ယနေ့ထိအရောင်းအဝယ်ပြုလုပ်နေကြောင်း၊ အဆိုပါ ဒေသတွင် ထွက်ရှိသည့်မုန်လာဥဖြူများ လက်ရှိ တစ်ရက်လျှင် ပိဿာချိန် ၄၀၀ မှ ၁၂၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်ကနေ လက်ရှိမုန်လာဥဖြူတွေ ထွက်ရှိနေပါတယ်။ ထွက်ရှိလာတဲ့ မုန်လာဥဖြူတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ အခုဒေသထွက်မုန်လာဥတွေဝယ်ယူအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ လက်ရှိ ဇန်နဝါရီလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်ကောင်းနေတာ ဖြစ်ပါတယ်။ ဒေသထွက် မုန်လာဥဖြူတွေ အပါအဝင် ကုန်စိမ်းအစုံကို အခြားဒေသတွေက ဝယ်ယူအားကောင်းနေပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ ဟင်းသီး ဟင်းရွက်အစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရည်ဝင်းက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News