Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက် မှ ၂၀ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ(၁.၃၅၇)သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၅.၈၅၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၇.၂၁၄) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၉-၁၂-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး(၈၀)တန်၊ တန်ဖိုး(၀.၀၄၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၅) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ Manganese Dioxide (၂၄၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ (၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ (၃၂) တန် ၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း စုစုပေါင်း (၀.၀၈၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ် ငွေလဲနှုန်းအနေဖြင့်(၁၉-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၁၀၁၀)ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး(၁၉-၁၂-၂၀၂၃)ရက်တွင် ဓာတ်ဆီ(၀.၀၆၅) ဒေါ်လာသန်း၊ ဒီဇယ် (၀.၁၆၃) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၂၈) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၂၃) ဒေါ်လာသန်း၊ ​ကြွေပြား (၀.၀၂၂) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၁၇)ဒေါ်လာသန်း၊ မျက်နှာကျက်ပြား(၀.၀၀၉)ဒေါ်လာသန်း၊ Engine Oil (၀.၀၀၉) ဒေါ်လာသန်း အပါအဝင် (၀.၃၇၉) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News