Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်  (၁၈-၁၂-၂၀၂၃) မှ (၁၉-၁၂-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၃၈၃.၀၀) တန်၊ တန်ဖိုး (၀.၇၈၄) ဒေါ်လာသန်း၊ ဆန်ကွဲ (၃၅၁.၂၅) တန်၊ တန်ဖိုး (၀.၁၅၅) ဒေါ်လာသန်း၊ ပြောင်း (၂၄၆.၅၀)တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ ရော်ဘာ (၆၆.၀၀) တန်၊ တန်ဖိုး (၀.၀၉၆) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၄၄၈.၀၀) တန်၊ တန်ဖိုး (၀.၁၆၃) ဒေါ်လာသန်း၊ ဖရဲသီး (၄၅၅.၀၀) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ သခွားမွှေး (၁၈၅.၅၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ ကြံ (၁၈၀.၀၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ဆေးကုလားမ (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ သီဟိုစေ့ (၄၇.၀၀) တန်၊ တန်ဖိုး (၀.၂၄၀) ဒေါ်လာသန်း၊ ခြင်းလုံး (၁.၄၇၇) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင်(၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၄၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၈၇၈၀၀၀) U ၊ တန်ဖိုး (၀.၁၆၂) ဒေါ်လာသန်း၊ တာယာ (၇၀) U ၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စက္ကူလိပ် (၂၃.၅၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ပိတ်လိပ် (၂၉.၅၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ကော်စေ့ (၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ဂျပ်ဖာ (၇၁.၅၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါလာသန်း၊ ဘတ္ထရီ (၁၀၆၀) U ၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ပီနံအိတ် (၃၇.၀၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ချည် (၂၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၁၇.၅၀) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ဖော့ (၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ မီးသီး/မီးချောင်း (၁၀၅၀၀) U၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ သံပိုက်/သံပြား (၉၈.၉၀) တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၁၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ကုန်စုံ (၁၂၃.၃၅) တန်၊ (၆၅၇၃) U၊ (၁၀၀) PR၊ တန်ဖိုး (၀.၁၅၁) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀) ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက်  (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်  ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၇-၁၂-၂၀၂၃ရက်နေ့မှာ (၁)ယွမ် လျှင် (၄၆၇)ကျပ်ဖြစ်ခဲ့ပြီး ၁၉-၁၂-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၇)ကျပ်ဖြစ်၍ မြန်မာ ကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News