Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၆-၁၂-၂၀၂၃) ရက်နေ့မှ (၁၈-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာ ထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ (၁၆-၁၂-၂၀၂၃) ရက်နေ့မှ (၁၈-၁၂-၂၀၂၃)  ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီနှင့်CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၉-၁၂-၂၀၂၃ မှ ၁၅-၁၂-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (၀.၂၆၃) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၂၁၁) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၂၁၁)‌ ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၁၂၂) ဒေါ်လာသန်း၊ ဘတ္တရီအခြောက်များ (၀.၁၀၉) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၀၈၃) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၅၇) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၅၀) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၄၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၅) ဒေါ်လာသန်း တို့ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၇.၅၆)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၇.၅၆) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေး တည်ငြိမ်လျက်ရှိပါသည်။

(၉-၁၂-၂၀၂၃ မှ ၁၅-၁၂-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(ခြောက်)  (၁) တန်လျှင် (၁၅၂၉.၈၄၁) ဒေါ်လာဖြင့် (၂၂၈.၇၈၂) တန်၊ (၀.၃၅၀) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁ တန် လျှင် (၇၈၅.၆၈၈) ‌ဒေါ်လာဖြင့် (၁၆၅.၄၆၀) တန် (၀.၁၃၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို)  (၁)တန်လျှင် (၃၄၉.၆၉၅) ဒေါ်လာဖြင့် (၂၄၃.၀၆၉) တန် (၀.၀၈၅) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်  ၁ တန်လျှင် (၂၀၃.၂၅၂) ဒေါ်လာဖြင့် (၂၄၆.၀၀၀) တန်လျှင် (၀.၀၅၀)ဒေါ်လာသန်း၊ သခွားမျိုးစေ့ (၁) တန်လျှင် (၂၁၂၇၆.၅၉၆) ဒေါ်လာဖြင့် (၀.၇၅၂) တန် (၀.၀၁၆) ဒေါ်လာသန်း၊ ချင်းခြောက် (၁) တန်လျှင် (၁၀၅၈.၈၂၄) ဒေါ်လာဖြင့် (၈.၅၀၀) တန် (၀.၀၀၉) ဒေါ်လာသန်း၊ ဖရဲမျိုးစေ့ (၁) တန်လျှင် (၂၇၇၇၇.၇၇၈) ဒေါ်လာဖြင့် (၀.၀၃၆) တန် (၀.၀၀၀၁) ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁.၉၇၆)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၇.၀၀၉)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၈.၉၈၅ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News