Local News

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာခ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၀၁၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၉၂) သန်းနှင့် သွင်းကုန်တန်ချိန် (၁၄၀)၊ (၃၂၇၆) စတုရန်းမီတာ၊ တန်ဖိုး  အမေရိကန်ဒေါ်လာ (၀.၁၁၉) သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ (၂.၀၁၁) ဒေါ်လာသန်းဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ဆီအုန်းတန်ချိန် (၁၅၀)၊ တန်ဖိုး  အမေရိကန်ဒေါ်လာ (၁၆၀၀၀)၊ စက်ကလပ်ငါး တန်ချိန် (၁၆.၄၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၄၃၅.၂၀)၊ တာတိုငါးတန်ချိန် (၃၈.၂၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၈၁၉၅.၀၀)၊ ပလာတူးခက် ငါးတန်ချိန်(၂၇၁.၂၄၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၁၉၇၀၄.၄၀)၊ ဘောင်းကြေးငါးတန်ချိန် (၃၈.၀၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၂၇၂.၀၀)၊ ငါးနီငယ်တန်ချိန် (၇၅.၃၇၀)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၈၁၃၉၉.၆၀)၊ ငါးခွေးလျှာတန်ချိန် (၁၀.၂၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၄၂၄. ၀၀)၊ ငါးဝိုင်းတန်ချိန် (၁၄.၉၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၁၆၄.၈၀)၊ ကုလားငူငါးတန်ချိန် (၄.၃၈၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၂၆၂.၀၀) နှင့် ပုစွန်တန်ချိန် (၃.၁၂၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၆၂၂၄.၀၀) တို့ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ဝေဖာမုန့် (၂၀) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၄၀၀၀၀.၀၀) ၊ ပီလောပီနံမှုန့် (၁၂၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၀၀၀၀.၀၀)၊ ကြွေပြားအရေအတွက် (၃၂၇၆) စတုရန်းမီတာ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၀၀၀.၀၀) ဖြစ်ကြောင်း သိရှိရသည်။

Source: DOT ကော့သောင်း

Source: https://commerce.gov.mm

Category: Local News