Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက် မှ ၂၀ ရက်အထိ) ပို့ကုန် ကန်ဒေါ်လာ (၁.၃၅၇)သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၅.၈၅၇)သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၇.၂၁၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉-၁၂-၂၀၂၃ ရက်တွင်ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၈၀) တန်၊ တန်ဖိုး (၀.၀၄၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၅) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ Manganese Dioxide (၂၄၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ပလပ်စတစ် ဖြတ်စ (၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၂) တန် တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းစုစုပေါင်း (၀.၀၈၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

ဒေသငွေလဲနှုန်း အနေဖြင့် ၁၉-၁၂-၂၀၂၃ ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၁၀၁၀) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News