Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ ၁၉ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၄.၁၅၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅.၁၆၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၉.၃၂၁) သန်း ဆောင်ရွက် နိုင်ခဲ့ပါသည်။ (၁၉-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂၂၆၁.၁၄၄) တန် တန်ဖိုး (၀.၅၂၀) ဒေါ်လာသန်း၊ ထောပတ်သီး (၆၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၆.၅၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ တံမြက်စည်း (၃၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၂) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၀၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၉-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၁၀၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်းလျက်ရှိပြီး (၁၉-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၃၃) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၇) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၄၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၀၈) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၁၀) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၀၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၈၀)ဒေါ်လာသန်း အပါအဝင် (၀.၃၁၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News