Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မတ်လ(၁၇)ရက်နေ့ မှ(၁၈)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၂၀.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၂.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ မတ်လ(၁၈) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(၂၂.၅၉၃) ဒေါ်လာသန်း၊ သွင်းကုန်(၂.၁၀၉)ဒေါ်လာသန်း၊ စုစုပေါင်း(၂၄.၈၅၅)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၁၀.၆၀၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

မတ်လ(၁၈)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ မကျည်းသီး(အစေ့ပါ)၊ သခွားမွှေး၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် သန့်စင်ပြီးသံမှုန့်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ မတ်လ(၁၇)ရက်မှ မတ်လ(၁၈) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၆၉၅၀) တန်၊ တန်ဖိုး(၂.၃၉၇) ဒေါ်လာသန်း၊ သစ်သီးဝလံတင်ပို့မှုအနေဖြင့်ရွှေဖရုံသီးတန်ချိန် (၂၆၂) တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ငရုတ်သီးတန်ချိန် (၁၁၇) တန်၊ တန်ဖိုး(၀.၀၄၈)ဒေါ်လာသန်းကြက်သွန်နီတန်ချိန် (၂၀၄) တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်း၊သန့်စင်ပြီးသံမှုန့် တန်ချိန် (၅၆) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ စကျင်ကျောက်ဆင်းတုတန်ချိန် (၃၁) တန်၊ တန်ဖိုး (၀.၀၃၄)ဒေါ်လာသန်းနှင့် အင်ကြင်းကျောက်တန်ချိန် (၈) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန်(၁၅၄.၄၉)တန်၊ တန်ဖိုး(၀.၁၇၆)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၄.၆)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းတန်ချိန် (၁၅၆.၄) တန်၊ တန်ဖိုး (၀.၀၉၉) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

 

Category: Local News