Local News

ပဲမျိုးစုံစျေး အကျဘက်သို့သွား

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များသို့ ဒေသအစုံမှ ပဲမျိုးစုံတို့ဝင်ရောက်၍  အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်လတတိယပတ်တွင် ပဲမျိုးစုံစျေးနှုန်းများ အကျဘက်တွင်သာရှိနေပါသည်။ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်အစရှိသည့် ပဲအားလုံး ယခင်တစ်ပတ်ထက်တဖြေးဖြေး စျေးကျဆင်းလာသည်။

မတ်လဒုတိယပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၁၂၂၆၀၀)၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၉၄၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၈၉၅၀၀)၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၉၃၅၀၀)၊ ပဲကြီးတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ဘိုကိတ်ပြာတစ်တင်းလျှင် ကျပ်(၆၆၀၀၀) စျေးအထိရရှိခဲ့ပါသည်။

မတ်လ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၁၁၆၀၀၀)၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၉၀၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၈၃၅၀၀)၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ပဲကြီးတစ်တင်းလျှင် ကျပ်(၉၆၀၀၀)၊ ဘိုကိတ်ပြာတစ်တင်းလျှင် ကျပ်(၆၄၀၀၀) စျေးသာရရှိခဲ့ပါသည်။

မတ်လ ဒုတိယပတ်နှင့် တတိယပတ် စျေးနှုန်းများအားနှိုင်းယှဉ်ပါက ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၆၆၀၀)၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၄၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၆၀၀၀)၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၆၅၀၀)၊ ပဲကြီးတစ်တင်းလျှင် ကျပ်(၄၀၀၀)၊ ဘိုကိတ်ပြာ တစ်တင်းလျှင် ကျပ်(၂၀၀၀)အထိ စျေးကျဆင်းလာခဲ့ပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News