Local News

နှစ်သစ်ကူးအခါနားနီး၍ အသား၊ ငါးစျေးများ တက်ရိပ်ပြလာ

Last Updated:

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ရက် နီးလာပြီဖြစ်၍ မကွေးမြို့တွင် အသားစျေးနှင့် ငါးစျေးများ တက်ရိပ်ပြလာသည်။ အတာသင်္ကြန်ကာလတွင် ပျော်ပွဲ ရွှင်ပွဲများနှင့် အလှူအတန်းများကြောင့် အသားစျေးနှင့်ငါးစျေးများ ယခင်စျေးထက် အနည်းငယ် တက်လာတာကို တွေ့ရှိရသည်။

ယခင် ဖေဖေ်ဝါရီလတွင် CPကြက်(အရိုးလွတ်) တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)စျေး၊ ငါးကြင်း (ခုတ်သား)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)စျေး၊ ငါးဖယ်(ခြစ်)တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀) စျေးတို့ဖြင့် စျေးကွက်ထဲသို့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုမတ်လ တတိယပတ်တွင် CPကြက် (အရိုး လွတ်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) စျေး၊ ငါးကြင်း(ခုတ်သား) တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀) စျေး၊ ငါးဖယ် (ခြစ်)တစ်ပိဿာလျှင် ကျပ်(၃၂၀၀၀)စျေးတို့ဖြင့် ပွဲတော်ကာလနီးလာ၍ စျေးတက်ရိပ်ပြလာကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News