Local News

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မရမ်းသီးမှည့် ဈေးနှုန်း

Last Updated:

 ထားဝယ်မြို့၊ သစ်သီးဈေးကွက်အတွင်း မရမ်းသီးမှည့်များ ဝင်ရောက်လျက်ရှိပါသည်။ မရမ်းသီးကို ဒီဇင်ဘာလ တတိယပတ်လောက်မှ စတင်ဝင်ရောက်ခဲ့ပြီး လုံးသေးများကို ရာသီစာအဖြစ် မရမ်းသီးထောင်း၍ ဟင်းအဖြစ်စားသုံးကြပါသည်။ စတင်ဝင်ရောက်ချိန်တွင် မရမ်းသီး ၁၀  လုံးလျှင် ၅၀၀၀ ကျပ်ထိ ဈေးရှိခဲ့ပြီး၊ ဇန်နဝါရီလတွင်  ၃၀၀၀ ကျပ်ဝန်းကျင် ထိဈေးရှိပြီး၊ ယခု မတ်လတွင် မရမ်းသီးများ ရင့်မှည့်လာပြီး ဈေးနှုန်းလည်းကျဆင်းခဲ့ပါတယ်။ အချို့အိမ်ရှင်မများ အနေနှင့် ယခုလိုမရမ်းသီး ၁၀ လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင် ဈေးပေါချိန်တွင် မရမ်းသီးများကို ပါးပါးလှီး၍ နေလှမ်းပြီး အခြောက်ထိန်းသိမ်းထားရှိကာ မိုးကာလ ခရမ်းချဉ်သီး ရှားပါးသည့်ချိန်တွင် ခရမ်းချဉ်သီးအစား မရမ်းသီးခြောက်နှင့် ဟင်းများချက်ပြုတ် စားသောက်ကြပါ သည်။ မရမ်းသီးအမှည့်မှာ ချဉ်ချိုမွှေးအရသာရှိသည့်အတွက် အချဉ်ကြိုက်သူများက မရမ်းသီးမှည့်များကို နှစ်သက်ကြပါသည်။ ယခု လတ်တလော မရမ်းသီးမှည့် ဈေးကွက်အနေနှင့် ၁၀ လုံးလျှင် ၁၅၀၀-၁၀၀၀ ကျပ်ထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News