မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဒေသဖြစ်ပြီး ပူပြင်းခြောက်သွေ့သည့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဖရဲသီးများအရောင်းအဝယ်သွက်ကာ စျေးကောင်းရနေကြောင်း သိရှိရ သည်။ ဖရဲသီးသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သည့် သီးနှံတစ်မျိုးဖြစ်ပြီး အလှူပွဲများတွင် မပါမဖြစ်သီးနှံတစ်ခုလည်းဖြစ်ပါသည်။ ဖရဲသီးကိုစားသုံးပါက အမောပြေခြင်း၊ ရေငတ်ခံခြင်း၊ ဆီးရွှင် ခြင်း၊ ဆီးကျောက်တည်ခြင်း စသည့်ရောဂါများမှ ကာကွယ်ပေးခြင်းများကြောင့် စားသုံးသင့်သည့် သီးနှံဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှုနည်းပြီး ဒေသတွင်းဖူလုံရုံသာ ထုတ်လုပ်မှုရှိသည့်အတွက် ပိုလျှံမှုမရှိသေးပါ။ အချို့ဒေသများဖြစ်သော မင်းဘူး၊ တောင်တွင်းကြီးတို့ဘက်တွင် အနည်းငယ်စိုက်ပျိုးကြသော်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းသာဖြစ်ပါသည်။ အခြားတိုင်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှလည်း မှာယူစားသုံးကြရပါသည်။ ပြီးခဲ့သည့်နှစ်ယခုအချိန်တွင်း ဖရဲသီးတစ်လုံးဈေးနှုန်းမှာ ကျပ်၂၀၀၀မှ၃၀၀၀အထိ ဖြစ်ပြီး ယခုနှစ် ဖရဲသီးတစ်လုံးဈေးနှုန်းမှာ ကျပ် ၅၀၀၀မှ ၆၀၀၀အထိ ဖြစ်သဖြင့် တောင်သူများ ဖရဲသီးစျေးကောင်းရသည့်နှစ်ဖြစ်ကြောင်း သိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး