နိုဝင်ဘာလတတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲမျိုးစုံမှာလက်ကျန်နည်းလာပြီး အမြင့်ဈေးဖြင့် အရောင်းအဝယ် အနည်းငယ်သာဖြစ်နေကြောင်း၊ ပြည်တွင်းစားသုံးမှု ရှိသည့် ကုလားပဲမှာ ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၀၀၀၀မှ ၂၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၀၀၀၀မှ ၂၆၅၀၀၀၊ ယခင်လ ကျပ် ၂၀၀၀၀၀ မှ ၂၄၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀မှ ၃၀၀၀၀၊ ယခင်လထက် ကျပ် ၃၅၀၀၀ မှ ၆၀၀၀၀ မြင့်တက်လာသည်။
ပဲတီစိမ်း(ခွဲပဲ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၀၀၀၀၀မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၈၅၀၀၀မှ ၂၀၀၀၀၀၊ ယခင်လ ကျပ် ၁၄၀၀၀၀ မှ ၁၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၅၅၀၀၀ မြင့်တက်လာသည်။
မြေထောက်ပဲ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀မှ ၃၃၀၀၀၀၊ ယခင်လ ကျပ်၂၉၀၀၀၀မှ ၃၄၀၀၀၀ ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ ၊ ယခင်လထက် ကျပ် ၁၅၀၀၀ မြင့်တက်လာသည်။
ပဲနီပြား(တံတားဦး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုအပတ်/ ယခင်အပတ် ကျပ် ၄၆၀၀၀၀ ၊ ယခင်လ ကျပ် ၄၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၀၀၀၀ မြင့်တက်လာသည်။
ပဲနီပြား(ကျွန်း) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုအပတ် /ယခင်အပတ် ကျပ် ၅၄၀၀၀၀၊ ယခင်လ ကျပ် ၅၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လ ကျပ် ၂၀၀၀၀ မြင့်တက်လာသည်။
ပဲဇီးကွက် ၅၈.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀မှ ၂၉၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၂၉၀၀၀၀၊ ယခင်လ ကျပ် ၂၉၈၀၀၀ မှ ၃၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မြင့်တက်လာပြီး၊ ယခင်လ ကျပ် ၅၀၀၀မှ ၁၈၀၀၀ နိမ့်ကျလာသည်။
ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၀၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၁၀၀၀၀၊ ယခင်လကျပ် ၃၁၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၈၀၀၀ နိမ့်ကျလာသည်။
ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀မှ ၃၂၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၃၀၀၀၀၊ ယခင်လကျပ် ၃၃၀၀၀၀မှ ၃၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် / ယခင်လထက်ကျပ် ၅၀၀၀ မှ ၁၀၀၀၀ နိမ့်ကျလာ သည်။
ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀မှ ၂၈၃၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၅၀၀၀၊ ယခင်လကျပ် ၂၈၆၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၂၀၀၀မှ ၅၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀ မှ ၆၀၀၀ နိမ့်ကျလာသည်။
ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၉၀၀၀၀မှ ၂၉၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၉၃၀၀၀ မှ ၂၉၅၀၀၀၊ ယခင်လကျပ် ၂၉၃၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၃၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀ မှ ၃၀၀၀ နိမ့်ကျလာသည်။
Source:မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး