ကြက်သွန်နီသီးနှံတစ်မျိုးတည်း အရောင်းအဝယ်ပြုလုပ်သည့် ဆိပ်ဖြူကြက်သွန် ကုန် စည်ဒိုင်တွင် ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်လည်း သွက်လျက်ရှိကြောင်း သိရှိရသည်။ ယခုကာလသည် အလှူအတန်းပေါများသည့်ကာလဖြစ်ခြင်း၊ ကြက်သွန်နီ အသစ် များ မပေါ်သေးမီ ကြက်သွန်နီအဟောင်းများ လက်ကျန်နည်းချိန်ဖြစ်၍ ကြက်သွန်နီစျေးများ မြင့် တက်လာခဲ့သည်။ ကြက်သွန်နီစျေးများမှာ သီတင်းကျွတ်ကာလနောက်ပိုင်းတွင် ပို၍စျေးမြင့်လာသည်။ သီတင်းကျွတ်မတိုင်မီ ကာလတွင်ကြက်သွန်နီတစ်ပိဿာ ကျပ်(၁၂၀၀)မှ(၁၈၀၀) သီတင်းကျွတ်ကာ လတွင် ကြက်သွန်နီတစ်ပိဿာ ကျပ်(၁၃၀၀)မှ(၃၅၀၀)၊ သီတင်းကျွတ်ကာလ နောက်ပိုင်းတွင် ကြက်သွန်နီတစ်ပိဿာ ကျပ်(၂၀၀၀)မှ(၃၉၀၀) စျေးအထိ တစ်ဖြေးဖြေး စျေးတက်လာသည်။ ကြက်သွန်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ပိဿာချိန်(၁၀၀၀၀)မှ (၆၀၀၀၀)ကြား ဝင်ရောက်၍ အ ရောင်းအဝယ်ဖြစ်နေသောကြောင့် စျေးတက်နေသော်လည်း အရောင်းအဝယ်သွက်နေကာ ကြက် သွန်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး