Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးခေါင်းပွ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးခေါင်းပွ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စီစီဝင်း ကပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ငါးခေါင်းပွပိဿာ ချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အတွင်း ငါးခေါင်းပွပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ငါးခေါင်းပွများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဓနုဖြူဘက်ကနေ ငါးခေါင်းပွတွေကို ရန်ကုန်ဈေးကွက်အများဆုံး တင်ပို့ရောင်းချနေတာပါ။ ပြီးခဲ့တဲ့အောက်တိုဘာလလပထမပတ်လောက်ကနေ ငါးခေါင်းပွတွေတင်ပို့အား ကောင်းလာတာပါ။ ပြည်တွင်းမှာကို ငါးခေါင်းပွကဝယ်ယူမှုများနေပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု ဓနုဖြူမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စီစီဝင်းက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ငါးခေါင်း ပွများကို တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့်အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါငါးများ နေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန် လာကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News